မင်းတုန်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မင်းတုန်း  ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲ က လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ခေါင်းလျှော်ရည်၊ Scrub အမှုန့်၊ အခြေခံဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာနှင့် ပန်ကန်ဆေးဆပ်ပြာပြုလုပ်နည်းများကို မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဒေါ်ခင်စိုးစိုးနှင့် အဖွဲ့ကသင်တန်းပို့ချခဲ့သည်။ သင်တန်းကာလ (၅)ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ(၂၇)ဦး တက်ရောက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)