စလင်း၊ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တမြားအစည်းအဝေးခန်းးမ၌ လူဦးရေစာရင်းစိစစ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။
စလင်းမြို့နယ်တွင် ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၉၉ အုပ်စုနှင့် စုစုပေါင်း ၁၁၀ အုပ်စုအတွက် လူဦးရေစာရင်း စိစစ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ၂၆.၁၁.၂၀၂၁ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများက ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်း ၄၂ ဦးတို့ဖြင့် အဆိုပါလုပ်ငန်းများကို ကူညီဆောင်ရွက်ခဲ့ရာ ၁၃.၁.၂၀၂၂ ရက်နေ့နေ့လည်ပိုင်းတွင် ပြီးစီးခဲ့၍ စာရင်းစိစစ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသော ဝန်ထမ်း ၄၂ ဦးတို့အား ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များက ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြပြီး စလင်းမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူဦးရေစုစုပေါင်း ၁၉၂၈၅၀ ဦးရှိကြောင်း မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာမြင့်ထံမှသိရှိရသည်။
မောင်လွင်(စလင်း)