သန်လျင်၌ ကိုဗစ်- (၁၉) ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

ရန်ကုန် ဇန်နဝါရီ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်မှုဖြင့် ရောဂါ ကာကွယ်ရေးလုပ်ငန်းစဥ်များ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပူပေါင်းအဖွဲ့များက မော်တော်ယာဉ်ဖြင့် သန်လျင်မြို့နယ်အတွင်း လှည့်လည်ကာ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာလျှင် ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield)တို့အား စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တက်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကို စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်း အသုံးများသောအခန်းများ၊ လေဝင်/လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ နေအိမ်ရှိ အသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်၍ ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကျဥ်ရန်၊ အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြား နေထိုင်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးကြရန်၊ ပါးစပ်နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော စျေးရောင်းချသူများထံမှ စျေးမဝယ်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်- ၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်တို့အား နှိုးဆော်ထားရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်