အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀:၃၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအသိပညာရရှိစေရန်ရည်ရွယ်ပြီး စားသုံးသူရေးရာအသိပညာပေး(Talk Show)ပြုလုပ်ခဲ့သည်။
Jan 14,2022
စာပေကိုမြတ်နိုး တန်ဖိုးထားသူများ တိုးပွားလာစေရန်နှင့် အချင်းချင်းစုပေါင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်း အားဖြင့် အတွေးအခေါ်များမျှဝေ၍ စာပေမှရရှိသော အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ (၆၅)အရ နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် အဆုံးအဖြတ်ခံယူရန် အတွက် မြို့နယ်ဘုတ်အဖွဲ့မှ ယနေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
Jan 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် moblie ဖုန်းဖြင့် သတင်း ရေးသား ရိုက်ကူးပေးပို့နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သည်။
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင်"အိုမီခရွန်"အကြောင်း သိကောင်းစရာများအကြောင်းကို ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန်ရည်ရွယ်၍  အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူစေတီတော် တည်ထားလျှက်ရှိရာ ယခုအခါ ရွှေတိဂုံပုံတူ စေတီပုံဖော်ဆောင်နိုင်ရန် အတွက် အထက်ပစ္စယံရှိ ပန်းတင်ခုံ ရတနာရွှေအုဌ်တော်စီ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ စေတီတော် တည်ထားသည့် နေမိန္ဒရကုန်းတော်၌ ကျင်းပသည်။