အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron)အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
Jan 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် သတင်းစာဆရာအသင်းနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 15,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်၊ ကာကွယ်ဆေးများကိုပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ၊ကာကွယ်ဆေးထိုးနှံရာတွင်အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့်နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့်သိမ်ကြီးစျေးဓမ္မာရုံတို့တွင်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 15,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက( ၁ ) ကျောင်း၀င်းအတွင်းတွင် ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၆ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6) ကာကွယ် ဆေးထိုးနှံသူ စုစုပေါင်းကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၅၆၅)ဦးအားထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Jan 15,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီကဌာဆိုင်ရာဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ ပြည်သူများစုပေါင်း၍ ကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေပိုမိုရရှိစေရန်အတွက် တစ်ပိုင်တစ်နိုင် နနွင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။