Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အမှတ်(၁၈) ရပ်ကွက်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာ အဖွဲ့မှ လိုအပ်လျက်ရှိသော အိမ်ထောင်စုများ ဆန်များထောက်ပံ့ပေး
Jan 28,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (World Food Program)၏ စားနပ်ရိက္ခာ လိုအပ်ချက် ရှိသော အိမ်ထောင်စုများအား ဆန်နှင့် အသက်(၅)နှစ်နှင့် အောက် ကလေးသူငယ်များအား အာဟာရထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ကစတင်၍ ဆောင်ရွက်ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေး အဖွဲ့ခေါင်းဆောင် ဒေါ်ခင်ဝေသော်တို့ ဦးဆောင်သော အင်အား(၃၀)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၇၂၈၁၇ ဦးထိုးနှံပြီးစီး
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ပြီး Covid Shield မှ Sinopharm Phase-6 ပထမအကြိမ် ထိုးနှံခြင်းများအထိ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ၇၂၈၁၇ ဦးထိုးနှံ ပြီးစီးသွားပြီ ဖြစ်ကြောင်း မြို့နယ်ကိုဗစ် ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Silent Strike (အသံတိတ်သပိတ်)နှင့် ပတ်သက်ပြီး မြို့သစ်မြို့တွင်ဒေသခံပြည်သူများ သိရှိစေရန်အတွက် အသိပေးထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ယမန်နေ့ညနေ(၅)နာရီအချိန်က ဒေသခံပြည်သူများသိရှိ စေရေးရပ်ကွက်များအတွင်း အသိပေးသတင်းထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား နောက်ဆုံးနေ့ ကျင်းပ
Jan 28,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့၌ တောင်ကုတ် တက္ကသိုလ်အဆင့် ဖွင့်ပွဲနှင့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ နောက်ဆုံးနေ့ကို ယမန်နေ့ နေ့လယ်အချိန်၌ တောင်ကုတ်တက္ကသိုလ်ပင်မ ကျောင်းဆောင်ကြီး၏ ရှေကွင်းပြင်၌ အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ ရခိုင်ရိုးရာကျင်ပွဲ ရွှေမောင်းတန်း၊ ငွေမောင်းတန်းနှင့် ကုန်းလှေပြိုင်ပွဲများအား ကျင်းပလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အများပြည်သူ သိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက် အား အသိပညာပေးနှိုးဆော်
Jan 28,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေ သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူ ခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့ ညပိုင်းအချိန်က စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jan 28,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စတင်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကညင်သောင်ကျေးရွာအုပ်စု မြစ်ကျိူးကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန်၌ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် သတင်းထုတ်ပြန်ရေးအဖွဲ့ကြေငြာချက်အား အသံချဲ့စက်ဖြင့်နှိုးဆော်
Jan 28,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ကြေငြာချက်အား ပြည်သူများသိရှိလိုက်နာစေရန် အသံချဲစက်ဖြင့် နှိုးဆော်အသိပေးခြင်းများကို ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့နံနက်ပိုင်းအချိန်က ရပ်ကွက်များအတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19011
Page
19012
Page
19013
Page
19014
Current page
19015
Page
19016
Page
19017
Page
19018
Page
19019
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department