အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စု၊ ဈေးရပ်ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာ တောင်သူများတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟော ပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယ‌နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာဦးရဲတင့်၏  မီဒီယာနှင့် နိုင်ငံရေးစာအုပ်နှင့် စာရေးဆရာညွှန့်ဝေမိုး ရေးသားထားသည့် ကလေးများအတွက် ရုပ်ပုံပြအဘိဓာန်စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။ 
Jan 20,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ကာ ပန်ဟိုက်ရပ် ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြိုနယ်တွင်  အသက် ၁၈ နှစ်အထက်ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး၌ ကာကွယ် ဆေးများ ‌နေ့စဉ် ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပြီးသူ ပေါင်း  ၅၅၅၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
Jan 20,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဥပ္ပါတသန္တိသုတ်တော်နှင့် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး သာသနာ့ဗိမ္မာန်တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
Jan 20,2022
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးသည် ပန်းခင်းစီမံချက် ရာနှန်းပြည့်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မာန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသများမှ ကျေးရွာများတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Phase-5)Sinopham ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးထိုး အဖွဲ့များခွဲ၍ ကျေးရွာဓမ္မာရုံများနှင့် စာသင်ကျောင်းများတွင် စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။