အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင်   ဌာနဆိုင်ရာ အဖွဲ့ အစည်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ သည်။
Jul 27,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သည် သောင်ရင်းမြစ်နှင့် နယ်နိမိတ်ပိုင်းခြားထားပြီး ယမန်နေ့ ညပိုင်းက မိုးသည်ထန်စွာ ရွာသွန်း၍ အဆိုပါ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများတွင် ရေကြီးမှုဖြစ်ပွားခဲ့သည်။
Jul 27,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဇုတ်သုတ်ကျေးရွာနှင့်သစ်တိုကျွန်းကျေးရွာများမှ လေဘေးသင့် ပြည်သူများအားလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌  ထောက်ပံ့ပေးအပ်ခဲ့သည်။
Jul 27,2021
သံတွဲမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် သံတွဲမြို့ ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ ရေနစ်မြုပ် လျက်ရှိကြောင်းသိရသည်။
Jul 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် ယမန်နေ့ မွန်းလွှဲပိုင်းအချိန်က လမ်းမတော်လမ်းတစ်လျှောက်၌ ရှမ်း၊ ပအိုဝ်း၊ မြန်မာ (၃)ဘာသာဖြင့် အသိပေး နှိုးဆော်ချက်များအား လှည့်လည်ကြေညာပေးလျက်ရှိကြောင်းသိရသည်။
Jul 27,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒေသခံမိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ အခမဲ့ စမ်းသပ် စစ်ဆေးနိုင်မည့် Test Center များ တိုးမြှင့်ဖွင့်လှစ်ဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ‌ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင့်၊ အဖွဲ့ဝင်(၄)  ဦးဇော်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိ သူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Jul 27,2021
ကရင်ပြည်နယ် ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက် အနိမ့်ပိုင်း ရပ်ကွက်များရှိ နေအိမ်များသို့ ရေများဝင်ရောက်လျက် ရှိကြောင်းသိရသည်။
Jul 27,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်- ၁၉ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယမန်နေ့နံနက်ပိုင်းမှစ၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။