အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို နေ့စဉ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု ၍ အလွယ်တကူ စာပေဖတ်ရှုနိုင်စေရေး၊ ဝန်ထမ်းများမှ နေ့စဉ် Online မှ အသိပညာပေးအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေး လျက်ရှိကြသည်။
Jan 21,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Jan 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၅၀၃၂၁ ဦးထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်စာတိုက်ရုံးတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 21,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ ကျေးရွာအုပ်စု ​ရေငံ-သရက်ကုန်း​ကျေးရွာတွင် အသက်(၁၈)နှစ်နှင့်အထက် တစ်ကြိမ်တစ်ခါမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရ​​သေး​သော ​ကျေးလက်​နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ​ပေးခြင်းကို ငပု​တောမြို့နယ် ​ရေငံ-သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီး​ကျောင်း ဓမ္မာရုံတွင် ယနေ့ နံနက်(၁၀) နာရီအချိန်က Covid Sheild အမျိုးအစား ကာကွယ်​ဆေး ထိုးနှံ​ပေးခြင်းကို ကျန်းမာ​ရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။
Jan 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများက  ကျောင်းသား/ ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီစဉ်များကို  ပြည်သူ့စာကြည့်တိုက် Page များတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက်ရှိသည်။
Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင်အုပ်စု၊ ရွှေဝါမြိုင်ကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရေများ စတင်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ယမန်နေ့က ကျေးရွာစီမံအုပ်ချုပ်ရေးမှူးထံမှ သိရသည်။