အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ်သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်းကို ဖျာပုံခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက်(၉) နာရီအချိန်က Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်အချို့တွင် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 20,2022
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရ သေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန် ခန့်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလောင်းလုံး မြို့နယ်ခန်းမ၌ စနစ်တ ကျထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၁ -၂၀၂၂ဘဏ္ဍာနှစ် ၊(၆)လ ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် မြသီတာပန်းခြံ တောင်ဘက် အုတ်ရေမြောင်း ပြန်လည်ပြုပြင်နေမှုအား ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 20,2022
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 20,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ စေတနာရှင် လူမှုကူညီရေးအသင်းသို့ အလှူငွေများနှင့် အောက်ဆီ ဂျင်များ လှူဒါန်းကို ယနေ့နံနက်ပိုင်းက လူမှုကူညီရေးအသင်းရုံးသို့ အလှူရှင်များက အသီးသီးလာရောက် လှူဒါန်းကြကြောင်း သိရသည် ။
Jan 20,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကိုဗစ်ကာလဖြစ်သည့်အတွက် အွန်လိုင်းမှတဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခန့်က စာဖတ်ခြင်း ဆိုင်ရာ Online မှ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 20,2022
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံရန် အသိပေးကြေငြာခြင်း၊ ကိုဗစ်ရောဂါ ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများကို ​မြို့နယ်ကို​ဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Jan 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက  တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက  ရပ်ကွက်နှင့်ကျေးရွာများသို့ သွား ရောက်၍ အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။