Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများစဉ်ဆက်မပြတ် ဆောင်ရွက်
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအနှံ့ လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 21,2022
မြို့နယ်အတွင်းရှိ ပြည်သူများအား စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ လူငယ်များအနေဖြင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် စာရေးဆရာ အောင်သင်းရေးသားထားသော "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကူးစက်ခြင်းမဖြစ်ပေါ်စေရေးကြိုတင်ကာကွယ်ရန်အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာယမန်နေ့ညနေပိုင်းကလူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများနှင့်ရပ်ကွက်များအတွင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေး အလံပေးအပ်ခြင်း…
Jan 21,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး /ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ
Jan 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ် ဆေးထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ပိုစတာများအား လူစည်ကားရာနေရာများဖြစ်သည့် လမ်းဆုံများ၊ ကားမှတ်တိုင် များ၊ စျေးများတွင်ချိတ်ဆွဲခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက် များအတွင်း လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေး လိုက်ရသည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာခြင်းလုံး(၆ ပေါက်တန်း)ပြိုင်ပွဲ ဆုချီးမြှင်ပွဲ အခမ်းအနားကျင်းပ
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာခြင်းလုံး(၆ ပေါက်တန်း)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီက ရမည်းသင်းခရိုင်အားကစားကွင်း၊ ခရိုင်အားကစားခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့်စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းစေရေး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ
Jan 21,2022
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီ ၂၀ နံနက်ပိုင်းက သထုံမြို့နယ် အင်းရှည်ရွာတွင် စက်မှုနယ်မြေ (သထုံ) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံမှ လက်ရှိစက်ရုံအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ၍ ကိုဗစ်-၁၉ ကာလအတွင်းထိခိုက်ခဲ့သည့် လူမှုစီးပွားဘဝ ပြန်လည်ကုစားမှုအနေဖြင့် ဒေသတွင်းပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဒေသထွက် ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ ဖြန့်ဖြူးရောင်းချနိုင်ရေးရည်ရွယ်၍ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့အတွက် စက်ရုံနယ်မြေများ၊ စက်မှုဇုန်များ၊ စက်ရုံစုများ တည်ထောင်နိုင်ရေး အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း နှင့်စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးပေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်၏ ၂၀၂၂−၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်း အဆိုပြုမှုနှင့် ဘဏ္ဍာငွေအရ အသုံးစာရင်းရေးဆွဲမှုနှင့် ၂၀၂၁−၂၀၂၂ခု၊ ဘဏ…
Jan 21,2022
ချင်းပြည်နယ်၏ ၂၀၂၂−၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများစာရင်းနှင့် ဘဏ္ဍာငွေအရ အသုံးခန့်မှန်း ခြေရေးဆွဲထားရှိမှုရှင်းလင်းခြင်းနှင့် ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စု/ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ ရှင်းလင်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်မး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18935
Page
18936
Page
18937
Page
18938
Current page
18939
Page
18940
Page
18941
Page
18942
Page
18943
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department