အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အားကစားဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က မိုးနဲမြို့နယ် နားခံအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 21,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနနှင့် စာအုပ်စာ​ပေချစ်မြတ်နိုးသူများအသင်း (Book club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယ​​နေ့နံနက်(၁၁)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ဟိုနားကျေးရွာ ယာအိမ်မှူး နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက် အကောင် ၁၀၀ ဝယ်ယူ၊ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး D.r အောင်ဆန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကာ မြို့နယ်ဦးစီးမှူး D.r စိုင်းအေးလှိုင်က ဒေသကြက်ဖြန့်ဖြူး ပေးအပ်ရခြင်းအပေါ် ရှင်းလင်း ပြောကြားပေးခဲ့သည်။
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက် ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ ကုသရေးအဆောင်ဆောက်လုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ တန်ခိုးကြီး ဘုရားဆူးလေစေတီတော်နှင့် ပရိဝုဏ်တခုလုံးအား ယနေ့နံနက်(၀၆:၀၀)နာရီ အချိန်မှ စတင်၍ ဘုရားရင်ပြင်တွင် ဦးစွာ တံမြက်စည်းလှည်းခြင်း၊ ရေဆေးခြင်းများ ပြုလုပ်ပြီး ဘုရားပရိဝုဏ် ပတ်လည်အား ရေဆေးခြင်းဖြင့်ကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Clup) အဖွဲ့တို့ပူးပေါင်း၍ စာရေးမခင်စောတင့်၏ ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင် စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြသည်။
Jan 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။