အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် အသက်(၅၀)နှစ်နှင့် အထက် ဌာန ဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 21,2022
သာယာဝတီခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၈)မြို့နယ် အသက်(၂၅) နှစ်အောက် အေရိုးဗစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ခရိုင်အားကစားခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်​ခဲ့သည်။
Jan 21,2022
အခြေခံ ငါးမွေးမြူရေးလုပ်ငန်းနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေငါးလုပ်ငန်းစခန်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။
Jan 21,2022
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူ အစားထိုး ရွေးချယ်ပွဲ ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ညောင်ရွှေမြို့ သာသနဝိပုလ ရွှေဂူပရိယတ္တိစာသင်တိုက်၌ ကျင်းပကြောင်း သိရသည်။
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book  Club) နှင့် လူငယ်အသင်း (Youth  Club) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ ဖလှယ်နိုင်ကြစေရန်နှင့် တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန်အတွက် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
Jan 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်(Omicron)အပါအဝင်ကိုဗစ်-၁၉ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ် ၍အသိပညာပေးနှိုးဆော် ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကမ်းနီကျေးရွာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူငယ်၊ လူရွယ်များ အခြေခံရှေးဦး ပြုစုခြင်းနှင့်ပတ်သက်၍ သိရှိနိုင်စေရန်နှင့် လူနာများအား ရှေးဦးပြုစုရာတွင် စနစ် တကျ ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ကမ်းနီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လအတွက် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေး လျက်ရှိကြောင်း သိရပါသည်။