အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဇူလိုင်လ(၂၂)ရက်နေ့မှ စတင်ကာမိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့်မြို့ပေါ်ရပ်ကွက်အမှတ်(၄)၊အမှတ်(၅)၊အမှတ်(၆)ရပ်ကွက်နှင့်ကျုံဒိုးမြို့အမှတ်(၂)၊အမှတ်(၃)ရပ်ကွက်ရှိမြေနိမ့်ပိုင်းတွင် ရေများဝင်ရောက်ပြီး အဆိုပါမြေနိမ့်ပိုင်းတွင် နေထိုင်လျက်ရှိ သည့် လူနေအိမ်များသို့ ရေဝင်ရောက်နစ်မြုပ်လျက်ရှိကြောင်းသိရသည်။
Jul 27,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံအစည်းအဝေးခန်းမတွင် ကျင်းပသည်။
Jul 27,2021
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့် အဖွဲ့သည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်း က ဘားအံပညာရေးဒီဂရီကောလိပ်၊ ကြာအင်းဆောင်အား  ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများကုသရေးစင်တာ အဖြစ် ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Jul 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ ကျဆင်း လာမှုကြောင့် ဒိုင်းကျိုင်းချောင်းနှင့်မဲပရချောင်းရေ မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်အတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၌ သရက်ချောင်းတပ်နယ်အရာရှိ စစ်သည်မိသားစုများမှCovid-19 Possitiveလူနာများအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ နေ့နံနက် ၁၀ အချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။
Jul 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်   ပြည်သူများကိုဗစ်-၁၉ရောဂါ   ကာ ကွယ်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်   (၂၃)ရပ်ကွက်နှင့်ကျေးရွာ(၄)ရွာအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့  ဥက္ကဋ္ဌ ဦးမြင့်ဦး၏စီမံမှုဖြင့် ရရှိလာသော Oxygen(၄၀)လီတာအိုးအလုံး(၄၀)အား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက  မိမိတို့ရပ်ကွက်၊ ကျေးရွာများအလိုက်  Oxygen  အမှန်တကယ် လိုအပ်လျက်ရှိသော   ပြည်သူများထံ ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းမှစတင်၍ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။