ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်၏ ၂၀၂၂−၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်း အဆိုပြုမှုနှင့် ဘဏ္ဍာငွေအရ အသုံးစာရင်းရေးဆွဲမှုနှင့် ၂၀၂၁−၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ် (၆) လဘတ်ဂျက်၏လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ ညှိနှိုင်းအစည်းအဝေးတက်ရောက်

ဟားခါး            ဇန်နဝါရီ            ၂၁

ချင်းပြည်နယ်၏ ၂၀၂၂−၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများစာရင်းနှင့် ဘဏ္ဍာငွေအရ အသုံးခန့်မှန်း ခြေရေးဆွဲထားရှိမှုရှင်းလင်းခြင်းနှင့် ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စု/ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ ရှင်းလင်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်မး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်  တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ၂၀၂၂−၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများစာရင်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ခန့်မှန်းခြေရေးဆွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများမှ ရှင်းလင်းသွားရန်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ (၆) လအတွင်း ပြည်ထောင်စု/ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောက်လုပ် ခွင့်ပြုသည့် လုပ်ငန်းအရေအတွက်၊ တင်ဒါခေါ်ယူသည့်လုပ်ငန်း၊ ဌာနအစီအစဥ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းနှင့် ပစ္စည်းဝယ်ယူခြင်းအပါအဝင် လုပ်ငန်းပြီးစီးမှုအခြေအနေကို ဂဃနဏ တင်ပြရန်လိုကြောင်း၊ (၆)လဘတ်ဂျက်အတွက် လုပ်ငန်းဆောင်ရွက်ရန် (၂) လကျော်ခန့်သာ ကျန်ရှိသည့်အတွက် လုပ်ငန်း ပြီးစီးနိုင်မည့်အခြေအနေကို သေချာစိစစ်သုံးသပ်ပြီး ပြီးပြတ်အောင် မဆောင်ရွက်နိုင်သည့် လုပ်ငန်းများ ရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်အပ်နှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် လိုကြောင်း၊ လာမည့် ၂၀၂၂−၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများအား ပြည်ထောင်စုမှ ခွင့်ပြုပါက ဧပြီလအတွင်း တင်ဒါ ခေါ်ယူရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူး ဦးဝင်မြင့်က ချင်းပြည်နယ်အစိုးရအဖွဲ့မှ အတည်ပြုပေးသော ချင်းပြည်နယ်၏ ၂၀၂၂−၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လျာထားအဆိုပြုမှု အခြေအနေကိုလည်းကောင်း၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ၂၀၂၂−၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးစာရင်း ရေးဆွဲထားမှုအခြေအနေကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ (၆) လအတွင်း ပြည်ထောင်စု/ ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ခွင့်ပြုသည့်လုပ်ငန်းအရေအတွက်၊ တင်ဒါခေါ်ယူသည့်လုပ်ငန်း၊ ဌာနအစီအစဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ နယ်မြေဒေသအခြေအနေအရ ဆောင်ရွက်နိုင်ခြင်း မရှိသည့်လုပ်ငန်းများ ပြန်လည်အပ်နှံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ စီးပွားရေ:ရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုအပေါ် အကြံပြုသုံးသပ် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ တည်ဆောက် ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ၊ စိမ့်စမ်း ရေသွယ် ယူခြင်းလုပ်ငန်းများတွင် တောမီးလောင်မှုကြောင့် ရေပိုက်များ  မီးလောင်မှုမရှိစေရေး ၊ သတ်မှတ်အနက်၊ အကျယ်အတိုင်း မြှပ်နှံရန်နှင့် လုပ်ငန်းအားလုံးကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီဖြစ်ရေးအတွက် ကြပ်မတ် ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 ခရိုင်( ပြန်/ဆက် )