အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2021
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့မိမြို့ဖများ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ Oxygen Plant တည် ဆောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Jul 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ လူမျိုးပေါင်းစုံနှစ်ခြင်း ခရစ်ယာန်ကျောင်းမှ အမျိုးသား(၇)ဦးနှင့်ခိုအွတ်ကျေးရွာအုပ်စု ၊ နမ့်ကျိုင်းရွာမှ အမျိုးသမီး(၁)ဦး ကိုဗစ်-၁၉ ပိုးတွေ့လူနာတို့မှာ ခိုလမ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်လာပြီ ဖြစ်သဖြင့် ယနေ့ နံနက်ပိုင်း တွင်ဆေးရုံ မှဆင်းခွင့်ပြုခဲ့သည်။
Jul 17,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းမှ စတင်ပြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိမှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 17,2021
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် အောက်ဆီဂျင် လိုအပ်ချက်အတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၃) ဦးသန်းထွန်းက ပြောကြားသည်။
Jul 17,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက အရှိအဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။
Jul 17,2021
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် နံနက် ၁၀ နာရီက မြို့နယ်အတွင်း အပြင်သွားလာသူများ၊ လမ်းသွားလမ်း လာသူများအား နှာခေါင်းစည်း တပ်ဆင်ထားမှုမရှိပါက ဒဏ်ရိုက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
Jul 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်း ဆိုင်ရာ ရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြု လုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ ကားဂိတ်နှင့် မြို့ဝင်/ မြို့ ထွက်နေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Jul 17,2021
ရွာသစ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။