အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပညာရေးမှူးရုံးမှဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကျပန်း၊ ကဗျာ၊ ဆောင်းပါးနှင့်ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၂၈ရက်နေ့ ယနေ့နံနက် ၁၁နာရီတွင် မြို့နယ်ပညာရေးမှူးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား အများပြည်သူ သိရှိလိုက်နာကြစေရန် သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အသိပေးဆောင်ရွက်ခဲ့သည်။
Jan 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံက်ပိုင်းက အ-ထ-က(ပန်းတောင်း) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 28,2022
မန္တလေးတိုင်းဒေသကြီး ၊  ပြင်ဦးလွင်မြို့တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး ( မွမ်းမံ ) သင်တန်းအမှတ်စဉ် ( ၁/ ၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးသောက်ပေါက်များ စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မကွေးမြို့၊ ကမ်းနားလမ်း ညောင်ကိုးပင် ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် SilentStrike(အသံတိတ် သပိတ်)နှင့် ပတ်သက်၍ အများပြည်သူများ သိရှိစေရေး အသိပေး ထုတ်ပြန်ချက်များကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွားများအတွင်း အသိပေးနှိုးဆော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jan 28,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တင်ဆက်ခဲ့ကြောင်း သိရသည်။
Jan 28,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဆက်လက်ဖွင့်လှစ်ရောင်းချရေး အတွက်လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လည်ပိုင်းကဆောင်ရွက်ခဲ့သည်။