Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာမြို့နယ် ကံသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Jan 28,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကံသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့တွင် နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 28,2022
ရမည်းသင်းမြို့နယ်တွင် Silent Strike(အသံတိတ်သပိတ်)နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအားဒေသခံ ပြည်သူများ ပါဝင်မှုမရှိစေရေးအတွက်ခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့သည် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ(၃)နာရီက မြို့မဈေးကြီးအတွင်း ဈေးရောင်း/ဈေးဝယ်များကို ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် လေးဒူးကွဲကျေးရွာရှိ ကြေးနီချောင်း ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ဆောင်ရွက်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေး
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦး၊ မြို့နယ်လျှပ်စစ်မှူး ဦးရန်နိုင်ဦးတို့ အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် လေးဒူးကွဲကျေးရွာရှိ ကြေးနီချောင်း ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ဆောင်ရွက်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် ပြန်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ပဲဆီလှူဒါန်းခြင်းများ ဆောင်ရွက်
Jan 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဆွမ်း ကိစ္စရပ် အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက ယနေ့ နံနက်ပိုင်းက အောင်စေတီ ဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော်နှင့် ဆီများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြို့ရှိ ဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းနေအိမ်များအား မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ
Jan 28,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့သစ်ရပ်ကွက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ရုံးခန်းနှင့်နေအိမ်များ၊ လိုင်းခန်းများအား မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယမန်နေ့က မြို့နယ် မီးသတ်ဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့တွင် လူမှုကွန်ရက်များပေါ်မှပျံ့နှံ့နေသော လှုံ့ဆော်မှုများအား အများပြည်သူပါဝင်မှု မရှိစေရေး သတင်းထုတ်ပြန်ချက်များအား အသိပေးခြင်းနှင့်လက်ကမ်းစာစော…
Jan 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေမည့် လှုံ့ဆော်မှုများအား အများပြည်သူပါဝင်မှု မရှိစေရေးအတွက် သတင်းထုတ်ပြန်ချက်များအား အသိပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းဆင့် ကျပန်းစကား ပြောပြိုင်ပွဲကျင်းပ
Jan 28,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စု နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ပေါင်းစုံ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအား ညောင်ဦးမြို့၊အခြေခံပညာ အထက် တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမကြီးတွင် ယနေ့နံနက် ၉နာရီအချိန်ကစတင်ပြီး ကျပန်း ပြောစကားပြိုင်ပွဲကျင်းပခဲ့ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်စုစုခင် (ဒုတိယ ညွှန်ကြားရေးမှူး)ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မရမ်းအူကွင်းဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသံဃာများအတွက် ဆွမ်းဆန်/ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jan 28,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊အရာရှိစစစ်သည်မိသားစုဝင်များက ရဟန်း/ သံဃာများအတွက် ဆွမ်းဆန်/ဆီ/လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မရမ်းအူကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18865
Page
18866
Page
18867
Page
18868
Current page
18869
Page
18870
Page
18871
Page
18872
Page
18873
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department