Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သပိတ်ကျင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ (၇၅) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်
Jan 28,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ (၂၇-၁-၂၀၂၂)ရက်နေ့အထိ ဆောင်ရွက်ပြီးစီးမှု (၇၅)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့၌ Mobile Library မော်တော်ယာဉ်ဖြင့် ကျေးရွာများအရောက် စာအုပ်များ၍ငှါးရမ်းပေး
Jan 28,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ဝန်ထမ်းများသည် ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်၁၁နာရီက Mobile Library မော်တော်ယာဉ်ဖြင့် ဝါးနွယ်ပြင်ကျေးရွာသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ စာအုပ်များကိုငှါးရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ကော့နှတ်ကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ တက်ရောက်
Jan 28,2022
နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများနှင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် မွန်ပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို အဆိုပါသင်တန်း ပြုလုပ်သည့် မော်လမြိုင်မြို့နယ်၊ ကော့နှတ်ကျေးရွာတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ
Jan 28,2022
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ်(၂၂၈)ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွှန့်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ စျေးများအတွင်းရှိ ဈေးဆိုင်ခန်းများ ပုံမှန်ရောင်းချရေး အသိပေးခြင်းများဆောင်ရွက်
Jan 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စျေးများအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဆက်လက် ဖွင့်လှစ်ရောင်းချရေးအတွက် လိုက်လံအသိပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် တွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ဈေးဆိုင်ခန်းများ ပုံမှန်ရောင်းချရေး အသိပေးခြင်းများ ဆောင်ရွက်
Jan 28,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဆက်လက် ဖွင့်လှစ် ရောင်းချရေး အတွက်လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ် ဗိုလ်ချုပ်လမ်းမှ အမှတ်(၁)ရပ်ကွက်ထိ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 28,2022
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘားအံမြို့ ဗိုလ်ချုပ်လမ်းမှ အမှတ်(၁)ရပ်ကွက်၊ ရ-ယ-ကရုံးရှေ့ထိ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စက်တင်ဘာလ၉ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့၊ မြို့အုပ်ချုပ်ရေးမှူး ရုံးဖွင့်ပွဲနှင့် အထက ကမ်းဒေးကျောင်း၊ မြတ်ဒါန စာသင်ဆ…
Jan 28,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပွဲနှင့် ကမ်းဒေးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ မြတ်ဒါန စာသင်ဆောင် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18859
Page
18860
Page
18861
Page
18862
Current page
18863
Page
18864
Page
18865
Page
18866
Page
18867
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department