အမြို့မြို့အနယ်နယ်သတင်းများ

Feb 07,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီနှင့်ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Feb 06,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၄ ရက်နေ့ (၈)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 06,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာကြ စေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန် မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Feb 06,2022
မန္တလေးတိုင်းဒေသကြီး၊ စာကြည့်တိုက်များဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့၏ (၁/၂၀၂၂) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Feb 06,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ယမန်နေ့ ည(၁၁)နာရီအချိန်က မိုးသည်းထန်မှုနှင့်အတူ မိုးသီးများကြွေကျ၍ လူနေအိမ်အချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Feb 06,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်၍ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့ များနှင့် ပူးပေါင်းတတ်စေရန်၊ ထက်မြက်သော လူငယ်၊ လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
Feb 06,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း Quarantine Centre အဖြစ် ငှါးရမ်းအသုံးပြုခဲ့သော မိုးကုတ် ဝိပသနာတရားရိပ်သာစခန်း အဆောက်အဦကို ပိုင်ရှင်ဖြစ်သူများထံ ယမန်နေ့မွန်းလွှဲပိုင်းက ပြန်လည်အပ်နှံပြီး အလှူငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
Feb 06,2022
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့နယ် ကွန်တိုင် ကျေးရွာရှိ နေအိမ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်မှ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အသိပညာပေး ဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။