မန်ကန် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ယမန်နေ့ ည(၁၁)နာရီအချိန်က မိုးသည်းထန်မှုနှင့်အတူ မိုးသီးများကြွေကျ၍ လူနေအိမ်အချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသီးများကြွေကျမှုတွင် မန်ကန်မြို့ရှိ လူနေအိမ်အချို့ ပျက်စီးခြင်း၊ စိုက်ခင်းများပျက်စီးခြင်းနှင့် မြို့ဦးဘုန်းတော်ကြီးကျောင်း၏ မီးဖိုချောင်ခေါင်မိုးပေါက်ပြဲခြင်းများရှိပြီး မန်ပန်ရွာတွင် သွပ်မိုးဝါးညှပ် နေအိမ် (၂)လုံး၊ သက်ငယ်အိမ် (၁)လုံးနှင့် မိုးကာမိုးထားသောစျေးဆိုင် (၁)လုံး စုစုပေါင်း လူနေအိမ် (၄)လုံး ခေါင်မိုးပေါက်ပြဲပျက်စီးခဲ့ကြကြောင်း သိရသည်။
ထိုသဘာဝဘေးအန္တရာယ်တွင် ရွာသူရွာသားများအချင်းချင်း ရိုင်းပင်းကူညီမှုဖြင့် ပျက်စီးသောအိမ်များကို ဝိုင်းဝန်းကာပြန်လည်ပြုပြင်ခဲ့ကြပြီး (၂၀၂၂)ခုနှစ်၏ ပထမဆုံးအကြိမ် ပျက်စီးဆုံးရှုံးမှုအများရှုံးဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးကပြောကြားကြောင့် သိရသည်။
မန်ကန်