(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲများ ကျင်းပ

ကမမောင်း      ဖေဖော်ဝါရီ    ၆

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၄ ရက်နေ့ (၈)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာချိုက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲတွင် အခြေခံပညာ ကျောင်းပေါင်းစုံမှ အသင်း (၁၇)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊  အသင်းအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊  ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်နိုးကြားလာစေရန်နှင့် နေ့ထူးနေမြတ်များကို သိရှိလာစေရန် အတွက် ရည်ရွယ်၍ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့ပညာ‌ရေးဦးစီးဌာနမှ သိရသည်။

ကမမောင်း(ပြန်/ဆက်)