Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မောတောင်မြို့သို့ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေး
Feb 06,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (လဝကမှူး) ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည်“လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေပြည်သူတိုင်း နိုင်ငံသား စီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Feb 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်နှင့် သုံးဆယ်မြို့တို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေး ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးဆန်းဟိုနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ ပြည်သူများ အသွားအလာများသည့် လမ်းဆုံများသို့ ကွင်းဆင်း၍ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး Mask Campaign လှုပ်ရှားဆောင်ရွက်
Feb 06,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် Mask Campaign လှုပ်ရှားမှုကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီက ရေနံချောင်းမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်
Feb 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းတွင် ဒိုက်ဦးမြို့အမှတ် ၅ သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Feb 06,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုးဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင် ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက်ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Feb 06,2022
စဉ့်ကူးမြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အစည်းအဝေးကျင်းပ
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် (၈) နာရီခွဲတွင် မြို့နယ်သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူခြင်း အစားထိုးရွေးချယ်ခြင်း အစည်းအဝေးကို စာရေးကုန်းရပ်ကွက် သကျမဟာသီရိဘုရားကြီးဝန်း နောင်တော်ကြီး သံတဆောင်းအတွင်း ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18813
Page
18814
Page
18815
Page
18816
Current page
18817
Page
18818
Page
18819
Page
18820
Page
18821
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department