(၇၅) နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောခြင်းနှင့် ပြိုင်ပွဲများကျင်းပ

လမိုင်း ဖေဖော်ဝါရီ ၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်၍ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့ များနှင့် ပူးပေါင်းတတ်စေရန်၊ ထက်မြက်သော လူငယ်၊ လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းတွင် အငယ်တန်းစာရေး ဒေါ်ဇင်မာဦးက ကလေးသူငယ်များအနေဖြင့် စာဖတ် ခြင်းဖြင့်  အသိပညာဗဟုသုတတိုးပွား လာစေရန်၊ စာကြည့်တိုက်ကိုလာရောက် အသုံးပြုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ကလေးငယ်များအား “စည်းလုံးကြပါစို့” ဆိုသည့် ပုံပြင်ပြောပြပေးခြင်း​၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ပြီး ကလေး ငယ် (၁၅) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင်ကလေးငယ်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

ဖြူဖြူအေး(ပြန်/ဆက်)