မောင်တော ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့နယ် ကွန်တိုင် ကျေးရွာရှိ နေအိမ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်မှ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အသိပညာပေး ဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ဘူးသီးတောင်မြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဉီးစီးမှူး အောင်သန်းဝင်းဦးဆောင်၍ သန္ဓေ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကွန်တိုင် ကျေးရွာအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာကျေးလက်နေ ပြည်သူ လူထုများအား မီးဘေးအန္တရာယ် အသိပညာပေးဟောပြောရာတွင် ဘူးသီးတောင်မြို့နယ်အတွင်း မီးဘေး အန္တရာယ် မဖြစ်ပွား စေရေးနှင့် မီးဘေးကြောင့်ဒေသခံပြည် သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျ အသုံးပြုစေရေး၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရေး၊ လျှပ်စစ်မီးအသုံးပြုသူ မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်ရှိ လျှပ်စစ်ဝါယာကြိုးများပေါက်ပြဲမှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်များဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထမင်းဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်များတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါ ကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြပါရန် အသိပညာပေးဟောပြောခဲပြီး တစ်အိမ်တက် တစ်အိမ် ဆင်းစစ်ဆေး အကြံပြုချက်များအား လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)