အမြို့မြို့အနယ်နယ်သတင်းများ

Feb 06,2022
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းတွင် စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွေးနံ့သာထွန်းညှိ ပူဇော်ရာနေရာများနှင့် စေတီတော်ရင်ပြင်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြသည်။
Feb 06,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ နတ်သျှင်၊ ရွှေဂူ ရေးသားသော “အနာဂတ်ကိုမျှော်တွေး ပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 06,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြို့မဘုန်းတော်ကြီးကျောင်းတွင် ဘာသာ သာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာ တည်တံ့ပြန့်ပွားစေရေးအတွက် နတ်မောက်မြို့နယ် သံဃနာယကအဖွဲ့များက အနားယူလစ်လပ်သွားသော သံဃနာယကနေရာများ၌ အစားထိုးရွေးချယ်ရန် သံဃအဖွဲ့အစည်းအဆင့်ဆင့် ( အနားယူ/ အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဖေဖေါ်ဝါရီလ(၆)ရက် ယနေ့နံနက်ပိုင်းက ပြည်တောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show တင်ဆက်ဟောပြောပွဲပြုလုပ်ခဲ့သည်။
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် အဌမအကြိမ် မြို့နယ် သံဃနာယက အဖွဲ့အနားယူ၊ အစားထိုး ရွေးချယ်ခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး အခမ်းအနားကို ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မြစ်ကွေ့ ကျောင်းလမ်း၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်အတွင်းရှိ ဇေယျာသီရိ သုံးထပ်တိုက်ကျောင်း၌ ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ် ခဲ့သည်။
Feb 06,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းမျာ၊ ကျောင်းသား ကျောင်းသူများနှင့် အရပ်သားပြည်သူလူထုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဖေဖော်ဝါရီ (၅)ရက် နံနက်(၈)နာရီမှ မွန်းတည့်(၁၂)နာရီထိ ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးသည်။
Feb 06,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရိမြို့နယ် မြို့မရဲစခန်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် အကြိမ်ပြည့်ထိုးနှံထားပြီး (၆) လပြည့်ပြီးဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့မရဲစခန်းအတွင်း ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထပ်ဆောင်းထိုးနှံပေးကြောင်း သိရသည်။
Feb 06,2022
မော်လမြိုင်မြို့နယ်တွင် သမိုင်းဝင်တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများစွာရှိသည့်အနက်မှနဂါး မောက်စေတီသည် တစ်ဆူအပါအဝင် ဖြစ်သည့်အတွက် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူခြင်းအပြင် အာဟာရဒါန စတုဒီသာများဖြင့် လည်း သုံးဆောင်နိုင်ကြစေရန် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီတွင်လည်း ကုသိုလ်ယူ ဧည့်ခံကျွေးမွေးနေပြီဖြစ်ကြောင်း သိရသည်။