အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရွာသစ်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉နာရီ အချိန်မှစ၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉီးဆောင်သည့် စစ်ကြောင်း(၅)ကြောင်းမှ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 10,2022
ကရင်ပြည်နယ် ဘားအံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားလာစေရန်၊ အထွေထွေဗဟုသုတနှင့် ပြည့်စုံစေရန်၊ မြန်မာ့ရိုးရာ စကားပုံများကို သိရှိနားလည်နိုင်စေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ပသည့် စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိသူများ နေ့စဉ်နှင့်အမျှ တွေ့ရှိလာသဖြင့် မြို့နယ်အတွင်း ထပ်မံ၍ ရောဂါပိုးပြန့်ပွားမှုမရှိစေရေးနှင့် အချိန်မီကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ယမန်နေ့နံနက်(၈) နာရီတွင် ဘိုကလေး-စက်ဆန်း လမ်းဆုံ၌ ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်စေ‌ရေး အသိပညာပေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း(Mask) အခုရေ (၅၀၀၀) အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Feb 10,2022
ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုလေ့လာမှု တိုးတက်လာစေရန်နှင့် စာအုပ်စာပေများအပေါ် စိတ်ပါဝင်စားမှု ရှိလာစေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။