အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ(၈)ရက်နေ့က ကိုဗစ် -၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
Feb 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် အေးမြကြည်လင် ရပ်ကွက်၌ အိမ်ထောင်စု(၁၂၂၂)စု အကျိုးပြုမည့် အမှတ်(၁၇)မူလတန်းကျောင်းရှေ့လမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
Feb 10,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှုအခြေ အနေ ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ၁၈၇၄၆၂ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ကျန်းမာရေးဦစီးဌာနထံက သိရသည်။
Feb 10,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် အသက် (၁၇) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။
Feb 10,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ပထမဆုံးအကြိမ် ခရိုင်/မြို့နယ် ဌာနပေါင်းစုံ  ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် မြင်းခြံမြို့ မင်းကျောင်းကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထမနဲထိုးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
Feb 10,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ် ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။