အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ခရိုင်အဆင့် မူလတန်းကြို ကျောင်းပေါင်းစုံ ကဗျာ၊ သီချင်း၊ ပုံပြင်၊ လက်ချောင်းပန်းချီပြိုင်ပွဲများကို ယ နေ့ နံနက် (၈)နာရီ ၃၀ မိနစ် အချိန်က ဖျာပုံ မူလတန်းကြိုကျောင်းတွင် ကျင်းပသည်။
Feb 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ကျေးရွာ(၆)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Feb 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်၊ ပြည်ပနိုင်ငံများမှတင်သွင်းသည့် စားအုန်းဆီအစား ပြည်တွင်းဆီ အစားထိုးသုံးစွဲမှု မြင့်မားလာစေရေးနှင့် ကျန်းမာရေး နှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး စစ်ဆေး ပညာပေးခြင်းများကို၊ ဖေဖော်ဝါရီ(၈)ရက်နေ့ နံနက်(၁၀)နာရီက မြို့ပေါ်ရှိ ဆီစက်လုပ်ငန်း လုပ်ကိုင်ရာဌာနများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 08,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Shaw) ဆွေးနွေးပွဲ ကျင်းပသည်။
Feb 08,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
Feb 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်စေရေးရည်ရွယ်ပြီး ယမန်နေ့က အခမ်း အနားမှူး သင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ယှဉ်ပြိုင်ပွဲပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 08,2022
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ စာကြည့်တိုက် ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့သည်။