Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပခုက္ကူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းအဆင့် အားကစားပြိုင်ပွဲများ ကျင်းပ
Feb 10,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာကျောင်း၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ထုပ်စီးထိုး၊ သံလုံးပစ်၊ လှံတံပစ်နှင့် မီတာ(၁၀၀) အပြေးပြိုင်ပွဲများစသည့် အခြေခံပညာကျောင်းအဆင့် အားကစားပြိုင်ပွဲလေးမျိုး ကျင်းပကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Feb 10,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လူထုအခြေပြုပြုဗဟိုဌာန (Community Centre)ခန်းမ၌ မူလ တန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းမျာ…
Feb 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ၊ တာမွေ(ယာယီ)စျေးတွင် စျေးရောင်းချသူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအကြား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် တာမွေ(ယာယီ)စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းအချိန်က စျေးရောင်းချနေသူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် စျေးအတွင်းရှိ လူအသွားအလာများသည့် နေရာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ ဘောလုံးဒိုင်လူကြီးသင်တန်းဖွင့်
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ် သည့် ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်း က မြိုနယ်အားကစားကွင်း ခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် တွင်(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်
Feb 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နေ့နံနက်(၁၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်၊ကလေးစာဖတ်ခန်း၌ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ကြာကန်ကျေးရွာတွင် ချည်မျှင်ရှည်ဝါအထူးဇုံပံ့ပိုးပစ္စည်းပေးအပ်ပွဲ ကျင်းပ
Feb 10,2022
မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာအုပ်စုကြာကန်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ဆောင်ရွက်သည့် ၂ဝ၂၁-၂ဝ၂၂ ခုနှစ် မိုးကြိုချည်မျှင်ဝါအထူးဇုံ ၅ဝ ဧက စိုက်ပျိုးမည့်ဒေသခံ တောင်သူများအား ချည်မျှင်ရှည်ဝါအထူးဇုံ ပံ့ပိုးပစ္စည်းပေးအပ်ပွဲကို ယမန်နေ့ဖေဖော်ဝါရီလ ၇ ရက်နေ့ ည နေ ၃ နာရီ အချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့တွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်
Feb 10,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာTalk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (၁၃၂၈၀ )ဦး ပြုလုပ်ပေးပြီးဖြစ်
Feb 10,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ် ရေးကတ်ပြုလုပ်ပြီးစီးသူ (၁၃၂၈၀) ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18796
Page
18797
Page
18798
Page
18799
Current page
18800
Page
18801
Page
18802
Page
18803
Page
18804
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department