ကျွန်းလှ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် အသက် (၁၇) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များမှ အသင်း (၄) သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စုပတ်လည်စနစ်ဖြင့် (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်း ထံမှသိရသည်။
ကျွန်းလှမြိုနယ်တွင် စားပွဲတင်တင်းနစ်၊ စစ်တုဘုရင်၊ အေရိုးဗစ်၊ လွန်ဆွဲ၊ ဖူဆယ်ဘောလုံးနှင့် ကွင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိကြသူများအား ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ၌ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ