ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်၌ အိမ်ထောင်စု(၁၂၂၂)စု အကျိုးပြုမည့် အမှတ်(၁၇)မူလတန်း ကျောင်းရှေ့လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည်၊ ဖေဖော်ဝါရီ-၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် အေးမြကြည်လင် ရပ်ကွက်၌ အိမ်ထောင်စု(၁၂၂၂)စု အကျိုးပြုမည့် အမှတ်(၁၇)မူလတန်းကျောင်းရှေ့လမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ကျောက်ဆည်မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ  ခွင့်ပြု ရန်ပုံငွေကျပ်(၉.၉၅၅)သန်း အကုန်အကျခံကာ အရှည်(၈၆၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက် ပေးလျက်ရှိပြီး လုပ်ငန်းများပြီးစီးသွားပါက အိမ်ထောင်စု(၁၂၂၂)စု၊ လူဦးရေ(၅၆၄၇)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ပိုမိုအဆင်ပြေတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို အေးမြကြည်လင်ရပ်ကွက်၌ လမ်း(၄)လမ်း၊ ဆည်ထိပ်ထန်းတော ရပ်ကွက်၌ လမ်း(၁)လမ်း၊ ဖောင်ရွာရပ်ကွက်၌ လမ်း(၂)လမ်း၊ စုကြီးရပ်ကွက်၌ လမ်း(၃)လမ်း၊ ကြက်မင်းတွန် ရပ်ကွက်၌ လမ်း(၇)လမ်း၊ ဈေးတန်းရပ်ကွက်၌ လမ်း(၃)လမ်း၊ မင်းရပ် ရပ်ကွက်၌ လမ်း(၃)လမ်း၊ သစ်ကြီးတန်း ရပ်ကွက်၌ လမ်း(၁)လမ်း၊ ဘောဂဝတီရပ်ကွက်၌ လမ်း(၂)လမ်း၊ မြို့ဦးရပ်ကွက်၌ လမ်း(၁)လမ်း၊ ပေါက်တော ရပ်ကွက်၌ လမ်း(၁)လမ်း၊ ပြည်လုံးနိုင်ရပ်ကွက်၌ လမ်း(၁)လမ်း၊ ဆူးကုန်းရပ်ကွက်၌ လမ်း(၂)လမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)