ညောင်ဦး ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှုအခြေ အနေ ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ၁၈၇၄၆၂ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ကျန်းမာရေးဦစီးဌာနထံက သိရသည်။
ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု ၉၅၁၉၁ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၇၅၁၂၄ဦး၊ Sinovacပထမအကြိမ်ထိုးပေးနိုင်မှု၅၂၉၄ဦး၊ Sinovacဒုတိယအကြိမ်၄၃၄၅ဦး၊ Phae-6 Covisheld ပထမကြိမ်ထိုးပေးနိုင်မှု ၆၇၁၀ ဦးနှင့် Boostter Sinopharm ၅၀ ဦး ထိုးပေးနိုင်ပြီဖြစ်ကာ စုစုပေါင်း ၁၈၇၄၆၂ ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း၊ ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့်ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနမှ ပြောကြား၍ သိရသည်။
ကိုထိန်၊KPD