အမြို့မြို့အနယ်နယ်သတင်းများ

Feb 12,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို မြို့စုပေါင်းရုံးတွင် ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား တိုင်ထိပ်သို့ လွှင့်တင်ခြင်းကို ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ နိုင်ငံတော်အလံအား အလေးပြု ကြသည်။
Feb 12,2022
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၅ နာရီခွဲက  ကော့သောင်းမြို့ အဏ္ဍဝါရပ်ကွက် ၊ ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည်။
Feb 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန  စုပေါင်းရုံးဝန်း၌၂၀၂၂ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုယနေ့နံနက် ၅ နာရီခွဲတွင် ပထမပိုင်းကျင်းပပြီး ဒုတိယပိုင်း သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇:၄၀ က ကျင်းပပြုလုပ်ခဲ့သည်။
Feb 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်၊ လွတ်လပ်ရေး ကျောက်တိုင် ရှေ့မြက်ခင်းပြင်၌  ယနေ့ နံနက် ၅ နာရီ ၃၀ က(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနား ကျင်းပခဲ့သည်။
Feb 12,2022
၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည်။
Feb 12,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် အလံအလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်က ကျိုက်လတ်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင် ဗိုလ်မှူး ရဲမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်‌ရောက်၍ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော   အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲဝင် အပေါင်းတို့အား အလေးပြုခဲ့ကြသည်။
Feb 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်အားကစားကွင်းတွင် ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်က ၂၀၂၂-ခုနှစ်၊ စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
Feb 12,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနှင့် စိန်ရတုပြည်ထောင်စုနေ့  အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျောက်ဆည်ခရိုင် တံတားဦးမြို့ ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ ယနေ့ နံနက်(၇)နာရီခွဲအချိန်က ကျင်းပကြောင်း သိရ သည်။