အမြို့မြို့အနယ်နယ်သတင်းများ

Feb 13,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနမှ  လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား ရှစ်ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ  အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။
Feb 13,2022
ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ကျရောက်သော စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၂၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ အကျဉ်းသားများအား ယမန်နေ့နံနက်ပိုင်းက လွှတ်ပေးခဲ့ကြောင်းသိရသည်။
Feb 13,2022
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ကြားပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က မကွေးခရိုင် အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကို၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
Feb 13,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီက ရပ်စောက်မြို့နယ်၊ ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမ၌ ကျင်းပသည်။
Feb 13,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ယနေ့ တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Feb 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ယနေ့တွင်ကျရောက်သည့်  (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့  သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ရေဖြူမြို့၊ မြဟေဝန်ပန်းခြံရင်ပြင်၌ ကျင်းပသည်။ 
Feb 13,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါလမ်းထိပ်မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Feb 13,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ်ကျင်းပခဲ့သော ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဘော်လီဘောအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အနားအခမ်းကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။