ကော့သောင်း ဖေဖော်ဝါရီ ၁၂
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲက ကော့သောင်းမြို့ အဏ္ဍဝါရပ်ကွက် ၊ ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်ထူပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလေးပြုကြသည်။
ယင်းနောက် နံနက် ၇ နာရီတွင် ကျောက်တိုင် ကွင်း၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် ၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သဝဏ်လွှာအား ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဖတ်ကြားသည်။
အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်ထောင်စုတိုင်းရင်းသားများ ၊ လူမှုရေးအသင်း အဖွဲ့များ ၊ မြို့နေမိဘပြည်သူများ တက်ရောက်ကြပြီး ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေဖြန့်ချိသည့် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမ်းအနားတက်ရောက်လာသည့် ဧည့်ပရိသတ်များသို့ လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း )