(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနှင့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

တံတားဦး ဖေဖော်ဝါရီ ၁၂

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနှင့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျောက်ဆည်ခရိုင် တံတားဦးမြို့ ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ ယနေ့ နံနက်()နာရီခွဲအချိန်က ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများက  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံ ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦကျော်စိုးက ဖတ်ကြားသည်။ ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့  အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲတို့မှ ဆုရရှိသော ကျောင်းသား၊ ကျောင်းသား များကို မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ  တက်ရောက်ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိကြောင်း တက်ရောက်လာသူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးကြကြောင်း သိရသည်။

ရဲတင့်