ပန်း​တောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်း နှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ပန်းတောင်း ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်အားကစားကွင်းတွင် ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်အချိန်က ၂၀၂၂-ခုနှစ်၊ စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများမှ ပြည်ထောင်စုသမ္မတ​ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂-ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား မြိူ့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိဦးအောင်သူရမှ ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာ‌စောင်များ ဝေငှခဲ့ ကြောင်း သိရှိရသည်။

သင်းသင်းအေး (ပြန်/ဆက်)