ဖားကန့် ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို မြို့စုပေါင်းရုံးတွင် ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား တိုင်ထိပ်သို့ လွှင့်တင်ခြင်းကို ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ နိုင်ငံတော်အလံအား အလေးပြု ကြသည်။
ဒုတိယပိုင်း အစီစဉ်အရ နံနက် ၇ နာရီ ၄၀ မိနစ်တွင် နိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က ဖတ်ကြားသည်။
ထိုနောက် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်ချီ၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများချီးမြှင့်ကြ သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့/မိမြို့ဖများတို့ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်အား ဖြန့်ဝေခဲ့သည်။
မြို့နယ်ပြန်/ဆက်