တောင်ငူ ဖေဖော်ဝါရီလ ၁၂
၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ နံနက် ၅နာရီခွဲအချိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ စိုက်ထူထားသော ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့ဝင်များက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် အလံလွှင့်တင်ခဲ့ပြီး တက်ရောက်လာကြသူများက အလေးပြုခဲ့ကြသည်။
ယင်းသို့ အလံလွှင့်တင်ပြီးနောက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထကက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ပြီး၊ ယင်းအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ နိုင်ငံတော်အလံအား အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ဝန်ထမ်းများက ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်