အမြို့မြို့အနယ်နယ်သတင်းများ

Feb 12,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်သည်။
Feb 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို လွတ်လပ်ရေးကျောက်တိုင်ကွင်းနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ဆရာစံခန်းမတို့၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Feb 12,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 12,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာနရုံးတွင် ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
Feb 12,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ယနေ့တွင် ကျရာက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၇)နာရီ (၄၀)မိနစ်အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်သည်။
Feb 12,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် အလံအလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေး အထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်‌ရောက်၍ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်တို့အား အလေးပြုခဲ့ကြသည်။
Feb 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ ဘောလုံးကွင်းဟောင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ မိနစ် ၄ဝ က ကျင်းပခဲ့သည်။
Feb 12,2022
၂၀၂၂  ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက  ပြင်ဦးလွင်မြို့ရှိ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ ပြည်ထောင်စုရင်ပြင်၌  ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ကျင်းပ ပြုလုပ်ခဲ့သည်။