မိုင်းတုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

မိုင်းတုံ  ဖေဖော်ဝါရီ  ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်၊ လွတ်လပ်ရေး ကျောက်တိုင် ရှေ့မြက်ခင်းပြင်၌  ယနေ့ နံနက် ၅ နာရီ ၃၀ က(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနား ကျင်းပခဲ့သည်။

သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက် ၇ နာရီ ၄၀ အချိန်တွင် မြို့မရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင် ရှေ့မြက်ခင်းပြင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလွင်မိုးက ဖတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူး ဦးမြင့်အောင်နှင့် အဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊  မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)