မောက်မယ် ဖေဖေါ်ဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးဝန်း၌၂၀၂၂ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုယနေ့နံနက် ၅ နာရီခွဲတွင် ပထမပိုင်းကျင်းပပြီး ဒုတိယပိုင်း သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇:၄၀ က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ဖတ်ကြားပြီး အထက်တန်းဆင့်၊ အလယ်တန်းဆင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသားကျောင်းသူများအား တာဝန်ရှိ သူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)