ကျိုက်လတ်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကျိုက်လတ် ဖေဖော်ဝါရီ ၁၂

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် အလံအလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်က ကျိုက်လတ်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင် ဗိုလ်မှူး ရဲမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်‌ရောက်၍ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော   အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲဝင် အပေါင်းတို့အား အလေးပြုခဲ့ကြသည်။

ထို့နောက် နံနက် ၇ နာရီ ၄၀ နာရီတွင် ကျိုက်လတ်မြို့နယ်ပြည်သူ့အားကစားကွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျက ဖတ်ကြားခဲ့သည်။

အဆိုပါ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊  ဌာနဆိုင်ရာ အကြီး အကဲများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ဌေးဌေးလှိုင်