မိုးနဲ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကင်းဝေး စေရေးအတွက် မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့၏ ကြီးကြပ်စစ်ဆေးမှုဖြင့် ဆောင်ရွက်ထားရှိလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဒုမိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်မှ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်သို့ လာရောက်စစ်ဆေးရာတွင် တာဝန်ကြဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်း ဝင်ရောက်ကြသည့် မော်တော်ယာဉ်များကို စနစ်တကျ တင်းကြပ်စွာ စစ်ဆေးမှုရှိမရှိ၊ မိမိတာဝန်ကျရက်၌ လာရောက်ပူး ပေါင်းမှုရှိမရှိနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်တွင်း ဝင်ရောက်ကြမည့်သူများကို ကိုယ်ရေးအချက်အလက်များ ကောက်ခံနေမှူများကို စစ်ဆေးပေးခဲ့ပြီး လမ်းသွားလမ်းလာ မော်တော်ယာဉ်မှ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများကိုပါ နှာခေါင်းစည်း အခမဲ့ဝေငှပေးခဲ့ကြသည်။
အဆိုပါ မြို့ဝင်/မြို့ထွက် စစ်ဆေးရေး စုပေါင်းဂိတ်သို့ မိုးနဲမြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်နှင့် အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ သက်ဆိုင်ရာ ရပ်ကျေးတို့ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)