ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား ဆဋ္ဌမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မောင်တော  ဖေဖော်ဝါရီ   ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ဆဋ္ဌမအသုတ် (ဒုတိယ) အကြိမ် အ ဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield ကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက လာရောက်ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား ဆဋ္ဌမ အသုတ် (ဒုတိယ) အကြိမ်အဖြစ်  နိုင်ငံ့ ဝန်ထမ်း ၇ ဦး၊ အကျဉ်းထောင်/အချူပ်ထောင်မှ အကျဉ်းသား ၁၀ ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ  ၆၂၉ ဦး ၊ မှီခို ၆၈၂ ဦး ၊ မသန်စွမ်းသူ ၇ ဦး စုစုပေါင်း ၁၃၃၅ ဦး အား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ  ထိုးနှံပေးခဲ့ပြီး ဖေဖော်ဝါရီ  ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဆဋ္ဌမ အသုတ် (ဒုတိယ) အကြိမ်အဖြစ်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၂၈၆၁ ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး