ဝက်လက် ဖေဖေါ်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့၌ အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါ တားဆီး ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း ကို ယမန်နေ့က အမှတ် ( ၁ ) နယ်မြေ မြကန်သာရပ်ကွက်နှင့် ဆင်းသိင်္ဂီ ရပ်ကွက်တို့တွင် ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံအသိပေး နှိုးဆော်ကြကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအဖို့ ကျမ်းမာရေး စည်းကမ်းချက်များကို တသွေမတိမ်း လိုက်နာပေးရန် ၊ အိုမီခရွန် ကူးဆက်ရောဂါသည် ကူးဆက်မှု ပိုမို မြန်ဆန်လွန်းသည့်အတွက် အထူးဂရုပြု သွားလာနေထိုင်ရန် နှာခေါင်းစည်းများကိုလည်း တပ်ဆင်ရန်၊ မိမိအသုံးပြုပြီးသော နှာခေါင်းစည်းကို သေချာစွာ စွန့်ပစ်ပါရန် အရာဝတ္ထု တစ်ခုခုကို ထိတွေ့ ကိုင်တွယ် ပြီးတိုင်း ဆပ်ပြာဖြင့် လက်ဆေးပါရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန် ဖျားနာပြီး သံသယရှိပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ အချိန်မှီ ပြသပြီး ဆေးကုသမှု ခံယူကြပါရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဥ်များ နှင့် စပ်လျဥ်းကာ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက် )