မိုင်းပန် ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာ၊ နမ့်တိန်းခန်းမတွင် ယမန်နေ့ နေ့လည် (၂) နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ လက်မှုထည်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူ များမှ ဝါးအခြေခံလက်မှုထည်သင်တန်း အထောက်အကူပြု အသုံးအဆောင်ပစ္စည်းများအား သင်တန်းသားများထံသို့ ပေးအပ်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းအား (၁၅) ရက်ကြာ ရက်ရှည်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဆရာအနေဖြင့် ဦးလုံး မောင်၊ ဦးလုံးတိတို့မှ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား ကျား (၁ဝ) ဦး၊ မ (၁ဝ) ဦး လာရောက်သင်ကြား မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုင်းပန်(ပြန်/ဆက်)