ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှုကင်းဝေစေရေး Mask Campaign ပြုလုပ်

ဓနုဖြူ  ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေး ရည်ရွယ်၍ ယမန်နေ့၊ နံနက်က နာရီစင်လမ်း၊ ဆေးရုံရှေ့ စသည့် လူစည်ကားရာနေရာများတွင် Mask Campaign ကို ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဦးစိန်မောင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ပြည်သူများအား Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)