Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သနပ်ပင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၇၅)ဦး ဝင်ရောက်ဖြေဆို
Mar 08,2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇၅)ဦးတို့ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Mar 08,2022
နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသော ဦးတည်ချက်ငါးရပ်တွင်ပါဝင်သည့် မဲစာရင်းများ စစ်ဆေးခြင်း၊ လုပ်ငန်းအောင်မြင် ပြီးမြောက်ပြီးဖြစ် သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက် ရှိသောလွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် အတွက်
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ(Book Culb) အသင်းတို့က ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန် စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွေစပါးအထွက်နှုန်း တိုးတက်မြင့်မားရေး တောင်သူများနှင့်တွေ့ဆုံ
Mar 08,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ နွေစပါးအထွက်နူန်း တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို မတ်လ ယနေ့နံနက် (၉)နာရီက ဖြူဘကျေးရွာ၌ ကွင်းဆင်းဆွေးနွေး စည်းရုံး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့နယ်အတွင်း ဝါစိုက်တောင်သူများ ဈေးကောင်းရရှိသဖြင့် ဝါစိုက်ဧကများ တို့ချဲ့စိုက်ပျိုးလာ
Mar 08,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီမှုရှိပြီး၊ အောင်မြင်ဖြစ်ထွန်းသည့်အတွက် ဈေးကောင်းရရှိသဖြင့် ဝါစိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ကျေးရွာအရောက် ကွင်းဆင်းဆက်လက်ထိုးနှံပေးလျက်ရှိ
Mar 08,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆေးထိုးနှံခြင်းမရှိသေးသူများ၊ ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ကျေးရွာအရောက် ကိုဗစ်−၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို မတ် ၈ ရက် နံနက် ၉ နာရီတွင် တာလီကျေးရွာနှင့် ဂွယ်ကထောင်ကျေးရွာတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ (၅၇၇၀)ဧက စိုက်ပျိုးနိုင်
Mar 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျံစေရေးအတွက် ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းနေကြာသီးနှံ (၅၇၇၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ် စာသင်ကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးဆောင်ရွက်
Mar 08,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေး ဆောင်ရွက်မှုများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18512
Page
18513
Page
18514
Page
18515
Current page
18516
Page
18517
Page
18518
Page
18519
Page
18520
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department